Wisdom from the Bin

Tuesday, March 7, 2017

3 comments

အောင်မြင်မှုအကြောင်း မစဉ်းစားတာကြာပြီ
တိတိကျကျဆိုရင် အများတကာ စံနှုန်းထားတဲ့ အောင်မြင်မှုနဲ့ ကိုယ်စံနှုန်းထားတဲ့ အောင်မြင်မှု လားရာတွေမတူမှန်း သိခဲ့တဲ့ ကွန်ပျုတာတက္ကသိုလ် ဒုတိယနှစ်လောက်ကတည်းက...
မကြာခင် ကိုယ့် အသက်ကလည်း ထိပ်စည်းပြောင်းတော့မယ်ဆိုတော့ ကိုယ့်ကိုကိုယ် အားမလိုအားမရတာတွေ နောင်တတွေ အမှားတွေက သင်ခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ဆင်ခြင် သုံးသပ်ရင်း အခြေအနေတိုင်းမှာ ရွေးချယ်ခွင့်တွေထဲက အကောင်းဆုံးဆိုတာကို ကြိုးစားဆုံးဖြတ်ခဲ့ပါတယ်လို့ ဖြေသိမ့်ရင်း ရှေ့ဆက်ဖို့အတွက် တွေးမိလိုက်တဲ့ အခါ...


ကိုယ်ဆိုတာ ကိုယ်ကိုယ်တိုင် စီမံရတဲ့ ခရီးတစ်ခု သွားမယ်ဆိုရင်တောင်
ထွက်ကတည်းက ပြန်တဲ့အထိ ဘာနဲ့သွားမယ် ဘယ်နေ့သွားမယ် ဘယ်နေ့ပြန်မယ် ဘယ်ကို ဘယ်လိုသွားမယ် ဘယ်ချိန်သွားမယ် ဘာတွေလုပ်မယ် ဆိုတာတွေ သေချာစီစဉ်ပြီးတော့မှသွားမယ့်နေရာအကြောင်း စေ့စေ့ပေါက်ပေါက် သိပြီဆိုတော့မှ သွားရတာ လုံခြုံမှုကို ခံစားရတဲ့သူ...
သုံးနေကျ ပစ္စည်းတစ်မျိုး ကိုယ်နဲ့ သင့်တင့် အဆင်ပြေနေရင် နောက်တစ်မျိုး စမ်းပြီး ပြောင်းသုံးဖို့ရာတောင် ဝန်လေးတဲ့ ဆုံးရှုံးမယ့် ပိုက်ဆံအပြင် အဆင်မပြေမှု တွေကို ရင်ဆိုင်ရမှာတွေကို မလိုချင်ပဲ comfort zone မှာ ပဲ အမြဲ safely play နေခဲ့တဲ့သူတစ်ယောက်...


အပြင်လောက ကိုယ့်ထိန်းချုပ်မှုမရှိတဲ့ industry ထဲမှာကအပြောင်းအလဲတွေ သိပ်မြန်တယ် ဒီနှစ်မှာ ကိုယ်ဘာကို သင်ယူမယ်လို့ စဉ်းစားပြီး သင်ယူနေရင်လည်း လမ်းတစ်ဝက်မှတင် ဟိုဟာတွေ ဒီဟာတွေ ထပ်သင်ဖို့လိုတာတွေက အများကြီး ထပ်ဆောင်းလာတယ်...
သူငယ်ချင်းတွေထဲမှာရှိတယ် ဒီအလုပ်ကိုလုပ်တယ် ဒါကိုသင်ယူနေတယ် သို့သော် တခြား အလုပ်တွေ သင်ယူစရာတွေ လည်း အချိန်ကော ကိုယ်စွမ်းကော ဉာဏ်စွမ်းကောနဲ့လုပ်တယ် သင်တယ် သူတို့ကိုကြည့်ရင် အမြဲရှုပ်ရှပ်ခတ်နေတာ (လုပ်နေတဲ့ process အတွင်း ဘာကမှ အစီအစဉ်မကျ ပေမယ့် ပန်းတိုင်ကို တော့ စနစ်တကျပဲ ရောက်သွားတယ်) ကိုယ်လို အေးအေးဆေးဆေး နေချင်တဲ့သူက သူတို့ကို မြင်ရင် စိတ်တွေမော သူတို့က ကိုယ့်ကိုမြင်ရင် နင်ဒီလောက်အေးဆေးနေတာ ရေရှည်ခက်မယ်လို့ သူတို့က စိတ်တွေမော...


တချို့သော သူတွေလို လေကလေးနဲ့ ဘဝရပ်တည်ရာကို တစ်လှမ်းချင်း ထွင်းခုတ်နိုင်လောက် တဲ့ အမူအကျင့်တွေက လည်း တုလည်း မတုတတ် သင်လည်းဘယ်တော့မှ မတတ်...
ကြာလာတော့ ကိုယ်က ကိုယ့် living-style တစ်မျိုးတည်းနဲ့ နေတော့ အများတကာရဲ့ assumption တွေမှာ ကိုယ့်ရဲ့ capability ဟာ တိမ်မြုပ်နေတတ်ပါတယ်...


market trend ကတော့ demand ရှိတဲ့ဆီသွားမှာပဲ...
business-oriented ဖြစ်လာတဲ့ နည်းပညာ ဝန်ဆောင်မှုတွေဟာ customer လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရာ အတတ်ပညာများဟာ သင်လေမကုန်လေ...
အလုပ်တွေရဲ့ တောင်းဆိုမှုဟာ
multi-task ဖြစ်လာ့း
high analytical skill  ရှိလား
fast problem solving skill ရှိလား ဆိုတာမျိုးတွေ အပြင်
proactive ဖြစ်သလား
minimum supervision မှာ ဆုံးဖြတ်ချက်ချ အလုပ်လုပ်နိုင်သလား
dynamic environment မှာ adapt လုပ်နိုင်လားဆိုတာတွေ အများကြီး အများကြီး တောင်းဆိုလာကြပါပြီ
ကိုယ့်ရဲ့ personality နဲ့ character နဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ပုံစံနဲ့ အပူတပြင်းရွေ့နေတဲ့ စီးကြောင်းထဲ လိုက်လျောညီထွေ ဝင်နိုင်ဖို့ကြိုးစားရမှာပါ...
မကြိုးစားတော့လည်း ဘာဖြစ်လဲဆိုတော့ ထမင်းတော့ မငတ်ဘူးပေါ့ ဒါပေမယ့် ကိုယ့် peer တွေက organisation structure မှာ မြင့်တက်သွားတဲ့ အချိန်ကိုယ်က စတင်ခဲ့တဲ့ နေရာလေးမှာ ကျန်နေခဲ့မှာပါ...
တစ်ခါတလေတော့ risk ယူတာဟာ safe ဖြစ်ဖို့ ဖြစ်ပြန်တယ်...
လူတစ်ဦးနဲ့တစ်ဦး ဘဝအဓိပ္ပါယ် ရှာပုံခြင်းတော့ မတူကြပေမယ့် ကိုယ်လိုချင်တာကို အရိုးသားဆုံးသိပြီး တည်ဆောက်နေဖို့ကတော့ အရေးအကြီးဆုံးပါပဲ...

March 6, 2017 (3:00 PM)

ပြက္ခဒိန်

Tuesday, October 28, 2014

6 comments

ဆောင်းဝင်ပြီဆိုတာလည်း သိပေမယ့်
ဆောင်းကိုမရောက်နိုင်ဘူး ဆိုတာလည်းသိပါတယ်
ဆောင်းက ဆောင်းနဲ့မတူပေမယ့်
ဆောင်းက ဆောင်းနဲ့ တူမလားဆိုပြီး
အပြေးအလွှား ရှုရှိုက်မိတဲ့ ပတ်ဝန်းကျင် အငွေ့အသက်တွေမှာ
ဆောင်းဆိုပေမယ့် ဆောင်းမဟုတ်တဲ့ ရာသီတစ်ခု
ငါ့ရက်စွဲမှာ ရေးထိုးခဲ့ရပေါ့ဆောင်း။

October 28, 2014 (8:32 PM)

December Page

Friday, January 10, 2014

2 comments

နေလုံးကြီး ရန်ကုန်မြစ်နောက် ဆုံးဆုံးမြုပ်သွားတော့
ကြွက်နှစ်ကောင်က ရေကူးကန်ထဲ ဆင်းသင့် မဆင်းသင့် တွက်တုန်း ချက်တုန်း
ရုံးဆင်းခဲ့တဲ့ ငှက်တွေက ၁၅ လမ်းနဲ့ ၁၁ လမ်းကြား လူးလားခေါက်တုံ့
ဦးချစ်ကြီးက အိပ်ရာခင်းနေလေရဲ့။
မယုံရင်တော့လည်း သင့်အခွင့်အရေး
ကျုပ်တို့က အမှန်အကန် ကြေးအိုးသောက်မယ့်သူတွေ။
တဒိန်းဒိန်းတုန်နေတဲ့ ခြေလှမ်းတွေနဲ့
လှေကားထိပ်က CCTV ကို လှမ်းပြုံးပြတော့
ခွေးလေးတစ်ကောင်က ပိတ်စတစ်ခုကို ကိုက်ယူစုတ်ဖြဲလို့
ကြောင်ကလေးတစ်ကောင်လို ပွတ်သပ်ချော့မြှူနေလိုက်တာ
အရာဝတ္ထုနှစ်ခုကို အခုမှ စတင်အသက်သွင်းလိုက်သလို။
အုံကြွမြူးထလို့ လှုပ်ခတ်တုန်ရီနေ
လေတံခွန်တစ်ခုရဲ့ မျောလွင့်မှုလို
တစ်စက္ကန့်ကို တစ်ကမ္ဘာလောက် ထင်ခဲ့ကြတယ်... တကယ်။
မူးမော်ထွေပြားမှုတွေနဲ့ ချွဲကျိကျိခုန်ပေါက်
ရုပ်သံဇာတ်လမ်းတွဲတွေလည်း အရှက်ရသွားခဲ့တယ်။
အဲ့ဒီအသီးကိုမှ ဘုရားသခင်က ဘာလို့တားမြစ်ရတာလဲ အချစ်ရယ်...
နောက်မနက်တော့ သေချာပါတယ်
တိုင်လုံးကြီးကြီးကို တိုင်မှာရစ်ခွေကစားကြမယ်
သပ်ရပ်တိုတိတဲ့ လက်ဖျားထိပ်တွေ ထိခတ်ပြီးတော့
ကြေးမုံမျက်နှာပြင်က အငွေ့တွေ ထင်ဟပ် မွဲထသွားခဲ့တယ်။
သစ္စာတရားကို ကိုယ်တိုင်သတ်ပုံပေါင်းထားမှတော့
ချည်နှောင်ထားတာ မဟုတ်ပါဘူး။
တစ်ခန်းရပ်လို့ လူးလဲထတော့
အလွမ်းက ပုတ်အဲ့နေတဲ့ အိပ်မက်တစ်ပုဒ်ပဲ
ခြားနားထားလိုက်တာ ကုန်းတစ်တန် ရေတစ်တန်။
ဒီတစ်ခြမ်းပဲ့ လကြီး မြန်မြန် သက်တမ်းစေ့ပါစေတာ့ဆိုတာ
နေရာတကာမှာ မျက်ရည်တဝဲဝဲ နှလုံးတစ်ဆို့ဆို့
ရွတ်ဆိုမိတဲ့ ဂါထာ...


Jan 9, 2014 (3:20 PM)

အနီစက်စက် အရည်ရွှန်းလဲ့ နှလုံးသားသို့

Wednesday, September 18, 2013

3 comments


ရုတ်တရတ်မှာ အာမေဋိတ်နေတုန်း
သံရှည်ဆွဲနေတုန်း
ပဲ့တင်သံဖြစ်နေတုန်း
လမ်းမှာလည်းပြေးနေတုန်း
ခရီးကလည်း ဝေးနေတုန်း

6th February, 2007 (9:33 AM)

ဟောစာတမ်း

Friday, August 16, 2013

2 comments



လေးလံပိကျနေတဲ့ သားမွေးကုတ်ကို ငါအခုပဲချွတ်ချလိုက်ပြီ
အဲ့ဒီအစား လတ်ဆတ်ချိုမြတဲ့ သစ်ကြားသီးတစ်လုံးနဲ့ ငါ့ကိုယ်ငါ ပေါင်းတင်လိုက်တယ်
ငါဟာ ခဏနေပဲ စံချိန်တင်တော့မယ့် ဝါးတစ်ပင်မို့
ဖြောင့်ဖြောင့်မတ်မတ် ရိုရိုကျိုးကျိုးနဲ့ တာလမ်းပေါ်ပြေးထွက်တော့မယ်
ငါ့လက်တွေပေါ်စိုက်ပေးထားတဲ့ မြေဆီသြဇာတွေကလည်း
နံစော် ပူလောင် ပုပ်ပွနေခဲ့တာမို့ ငါ့ကိုယ်တွင်းခေါင်းရဲ့ အတွင်းနက်နက်ထိ
ဖိသိပ်ဖျစ်ညှစ်နေခဲ့တာ အကြိမ်ကြိမ်၊
အခုချိန်မှာတော့ ငါ့ခြေအစုံတွေက တစ်နစ်ဖိနပ်တွေထက် ပေါ့ပါးနေတာမို့
သီချင်းလေးတစ်ပုဒ်လောက် လေချွန်ပြချင်တယ်
ကျေးဇူးတင်ပါတယ်လို့၊
ဟိုးမြေပြင်မှာ စထွက်ခုံ အစွန်းနဲ့ ခြေနင်းသားကိုဖြတ်ပြီးထိနေတဲ့
ငါ့ခြေချောင်းလေးတွေတိုင်းဟာ ကိုယ့်သစ္စာကိုယ်တည်ဖို့
တစ်ရှုးစတွေကို တွန်းအားပေးနေတာကို ငါတစ်ဒိန်းဒိန်းကြားနိုင်ရဲ့
ငါ့နဖူးစီးမှာလည်း ခပ်ရဲရဲ သတ္တိစကိုပတ်လို့ အလံတော်ကို မကြာမီ
ရောက်တော့မယ့်အကြောင်း ကြိုတင်သတင်းပေးထားတယ်၊
မဟုတ်ရင်လည်း ငါ့အမည်နာမကို အရှင်လတ်လတ် တွင်းတူးမြှုပ်နှံထားချင်တဲ့ ရပ်ကွက်က
ငါကျန်းခန့်သာလို့ မာတဲ့အကြောင်းသိရလို့ ဖျားသွားနိုင်တာပေါ့၊
ငါဟာ ဂုဏ်သတင်း ဉာဏ်အလင်းတွေကို မကြာခဏ
သေဆုံးလိုက် မွေးဖွားလိုက် ယဉ်ပါးခဲ့ပြီမို့
ငါ့ရဲ့အထင်အမြင်တွေဟာ ပြတ်သားနေခဲ့ပြီ
ဒါကြောင့်
အသည်းငယ်ရင်လည်း ဘေးဖယ်နေလိုက်
ရေစက်မှုန်တွေတိုင်းဟာ ငါ့ခန္ဓာကိုယ် ဂလင်းတွေဆီက
အညစ်အကြေးတွေကို သယ်ဆောင်သန့်ရှင်းစေမှာဖြစ်လို့
ငါ့ရှိရှိသမျှ ပစ္စည်းဥစ္စာမှန်သမျှ ငါ့ရွှေရောင်ဆီ မျက်နှာမူနေပြီ
စမ်းကြည့်လိုက်စမ်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်စေ
ငါ့လက်ဖျံက တစ်ဒတ်ဒတ် နိမိတ်ရွှင်ပြပြက
ရေခဲတောင်ကိုတောင် အရည်ကျိုသောက်ပစ်မှာမို့
စမ်းကြည့်လိုက်စမ်းပါ
မယုံရင်စောင့်ကြည့်နေ
ငါလာနေပြီ
တောင်ကမူတိုင်းကို တိုက်ခိုက် သတ်ပုတ်လို့
ပြိုင်ဘက်မရှိ ငါ ရောက်ရှိလာတော့မည်။

20th March, 2009 (9:23 PM)

Wall

Wednesday, July 17, 2013

2 comments

ဒါတွေဟာ သူ့ရဲ့ကိုယ်ပိုင် အဆောင်အယောင်
ဒါကြောင့်သူဂုဏ်ယူတယ်
ဒါတွေဟာ သူကိုယ်တိုင် ထုလုပ်ထားတဲ့ အရည်အချင်းတွေဖြစ်တယ်
ဒါကြောင့် သူချွန်တက်နေတယ်
ပြီးရင် ဒါတွေကကော ဘာထူးသေးလဲ
သူမယိုင်လဲခဲ့တဲ့ သက်သေအချို့
ဒါကြောင့် သူဇွဲကြီးတယ်
ဒီမှာကြည့်ပါလား
ဒါသူ့ရဲ့ master-piece ပဲ
ဒီိလိုနဲ့ သူသိပ်တော်လာတယ်
ဒီလိုဆိုရင်ကော ဘာပြောမလဲ
သူဟာသိပ်ကို ဝေဖန်ပိုင်းခြားကောင်းတဲ့အတွက်
သူ့အရုပ်ပုံတွေထဲမှာ သူဝတ္ထုရေးနေတယ်
သူဟာတကယ်ကို သူမတူတဲ့ ပုဂ္ဂိုလ်
ဒါကြောင့် သူကလိုချင်တာကို
ဆွဲချလိုက်တဲ့ တရားသူကြီးဖြစ်တယ်
သူ့ကို နောက်ထပ်ရှာလို့ တွေ့ဖို့ခက်တယ်
တွေ့ခဲ့ရင်လည်း လောကွတ်ပြုဖို့ခက်မယ်
ဘာလို့လဲဆိုတော့
သူဟာ သိပ်အကိုင်းအရှိုင်းလွန်နေတဲ့
ကိုယ်တိုင်ဘာသာရေးတစ်ယောက်ဖြစ်တယ်။

26th February, 2009 (12:30 AM)

LinkWithin

Related Posts Plugin for WordPress, Blogger...

Like my page on facebook

စာရေးသူသည်

My Photo
Htaik Htaik Thone
စာရေးခြင်းဆိုတာ နှစ်သက်ပြီးသွားရင် စွန့်လွှတ်ဖို့ ခက်ပါတယ်။
ဘ၀မှာ လူတကာနည်းတူ ရွေးချယ်မှုတွေ အလည်း အထပ်တွေ လုပ်ခဲ့ရပေမယ့် စာရေးခြင်းကတော့ သီးခြား ကဏ္ဍဖြစ်လျက်ပါ...
View my complete profile

တစ်ခုခုတော့ပြောခဲ့ပါဦး

စာဖတ်နေတဲ့သူတွေ